Print

ကျန်းမာသောဦးရေပြားနဲ့ ကျန်းမာသောဆံပင်သားများ

  30-Oct-2016
Preview Image

ယားတတ်သောအရေပြား

ယားယံပြီး ခံစားလွယ်သော ဦးရေပြားဖြစ်ရခြင်းရဲ့ အကြောင်းတစ်ချက်ရှိပါသည်။အဲဒါတွေကတော့ အမွှေးနံ့ ဥပမာ ဆိုဒီယမ်လိုရဒ်ဆိုတဲ့ ဓာတ်တစ်မျိုးဟာ မိမိသုံးနေတဲ့ ခေါင်းလျှော်ရည်ထဲမှာ သာမန်ထက် ပိုပြီးတော့ ပါ၀င်နေတာမျိုးပါ။ အဲဒီတော့ ဒီလိုခေါင်းလျှော်ရည်မျိုးကို ရှောင်ရှားဖို့။ ဒါအပြင် အဲဒီဓာတ်ဟာ ဆံပင်သားရှင်သန်ကြီးထွားမှုကိုလည်း ဟန့်တားပစ်နိုင်သေးတယ်။

အဖတ်လေးများ ကွာထွက်တတ်သော ဦးရေပြား

ခေါင်းလျှော်ရည်အများစုမှာ ဖယောင်းကြမ်းနဲ့ ဆီလီကွန်တွေ ပါ၀င်မှုရှိတဲ့အတွက်ခေါင်းလျှော်ပြီးတဲ့ အခါ အဲဒီဓာတ်ဟာ ဦးရေပြားပေါ်မှာ ကျန်ရစ်ခဲ့ပြီး မှိုလိုအဖတ်ကလေးတွေ ဖြစ်လာတတ်တာပါပဲ။ ပြီးတော့ ဖယောင်းကြမ်း ပါ၀င်တဲ့အတွက်လည်း ဦးရေပြားတွင် ပိုးမွှားများဖြစ်လာပြီး ဆံပင်သားကို ခြောက်လာကာ ကျိုးပြတ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ဆံပင်သား ပြန်ကောင်းလာစေရန် ရှားစောင်းလက်ပပ်ကဲ့သို့သော သဘာဝပစ္စည်းများပါ၀င်တဲ့ ခေါင်းရည်မျိုးကို ပြောင်းလံအသုံးပြုကြည့်ပါလို့ အကြံပေးပါရစေ။

အဆီများတဲ့ဦးရေပြား

အဆီများလွန်းတဲ့ ဆံကေသာအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်တွေမှာ ဆပ်ပြာမှုန့်များ ခပ်ပြင်းပြင်း ပါ၀င်နေပြီး အဲဒီအတွက်ကြောင့်ပင် ဆံပင်သားတွေကို အဆီထုတ်လုပ်မှု တိုးလာစေတယ်လို့ သိရပါတယ်။ ဒီလို ဖြစ်လာတာနှင့်အပြိုင် ဆံပင်သား သေးငယ်ပါးလွှာလာကာ ဆံပင်များ ကျိုးပြတ်လွယ်ပြီး ဆံပင်ကျွတ်ခြင်းမျိုးလည်းဖြစ်လာရပါတယ်။ အထက်ပါဦးရေပြားအခြေအနေ သုံးမျိုးဟာ ဆံပင်အသစ်ထပ်ပေါက်ဖို့ရန်အတွက် အဟန့်အတား ဖြစ်စေနိုင်တဲ့ အခြေအနေမျိုးပါ။ ဦးရေပြားကျန်းမာဖို့အတွက် အခြားအကြောင်းတစ်ချက်ဖြစ်တဲ့ ခန္ဓာကိုယ် ကျန်းမာမှုရှိခြင်းနှင့် စိတ်ဖိစီးမှု စတာတွေကိုလည်း ဂရုပြုပေးရပါလိမ့်မယ်။

သတိပြုဖို့ရန်

ခေါင်းလျှော်ရည်ဘူး (သို့) အထုတ်တွေတိုင်းမှာ အထဲမှာပါ၀င်တဲ့ ဓာတ်အမည်တွေကို ဖော်ပြထားလေ့ရှိပါတယ်။ အဲဒီလို ဖော်ပြထားရာမှာပထမဆုံးစာကြောင်းမှာ ပါ၀င်တဲ့အမျိုးအစားအမည်ဟာ ပါ၀င်မှု အများဆုံးဖြစ်ပြီး နောက်ဆုံးမှာ ဖော်ပြထားတဲ့ အမည်ကတော့ ပါ၀င်မှုအနည်းဆုံးဖြစ်တယ်ဆိုတာ သိထားသင့်ပါတယ်။

 

Healthcare.com.mm

Ref:

က့ံကော်လေး

Health for all magazine, November 2013, Pg.40

 



Related Articles


Advertisment 18